top of page

About Us

UM202
UM201

ဆေးတက္ကသိုလ် - ၂ တက္ကသိုလ် အဆောက်အဦးများနှင့်ကျောင်း ပရဝုဏ် တည်နေရာသည် မြောက်ဥက္ကလာပ မြို့နယ်၊ ရန်ကုန်တိုင်း တွင် တည်ရှိသည်။ ဆေးတက္ကသိုလ် - ၂ သည် ဆေးပညာဘွဲ့ကြိုသင်တန်းနှင့်ဘွဲ့လွန်သင်တန်းများ (ဆေးသိပ္ပံ ဒီပလိုမာ၊ မဟာဘွဲ့နှင့် ပါရဂူဘွဲ့ သင်တန်းများ) ကို ဖွင့်လှစ်သင်ကြားလျက်ရှိသည်။ ဆေး -၂ သည် မြန်မာ နိုင်ငံအတွင်း တက္ကသိုလ်ဝင်ခွင့် ခက်ခဲသော တက္ကသိုလ်များထဲမှ တခုဖြစ်ပြီး တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်ချက်များကို အခြေခံ၍ နှစ်စဉ် ကျောင်းသား ၃၀၀ ခန့် (လက်ရှိ ကျောင်းသား ၁၀၀ ဦးခန့် ) လက်ခံသင်ကြားလျက်ရှိသည်။

ဆေးတက္ကသိုလ် - ၂ တက္ကသိုလ် အဆောက်အဦးများနှင့်ကျောင်း ပရဝုဏ် တည်နေရာသည် မြောက်ဥက္ကလာပ မြို့နယ်၊ ရန်ကုန်တိုင်း တွင် တည်ရှိသည်။

ဆေးတက္ကသိုလ် - ၂ သည် ဆေးပညာဘွဲ့ကြိုသင်တန်းနှင့်ဘွဲ့လွန်သင်တန်းများ (ဆေးသိပ္ပံ ဒီပလိုမာ၊ မဟာဘွဲ့နှင့် ပါရဂူဘွဲ့ သင်တန်းများ) ကို ဖွင့်လှစ်သင်ကြားလျက်ရှိသည်။ ဆေး -၂ သည် မြန်မာ နိုင်ငံအတွင်း တက္ကသိုလ်ဝင်ခွင့် ခက်ခဲသော တက္ကသိုလ်များထဲမှ တခုဖြစ်ပြီး တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်ချက်များကို အခြေခံ၍ နှစ်စဉ် ကျောင်းသား ၃၀၀ ခန့် (လက်ရှိ ကျောင်းသား ၁၀၀ ဦးခန့် ) လက်ခံသင်ကြားလျက်ရှိသည်။

UM203

၁၉၂၃-၂၄ခုနှစ်တွင် ကာလကတ္တားတက္ကသိုလ်လက်အောက်ခံ ဆေးကောလိပ်တစ်ခုကို ယခုမြို့မ ကျောင်းလမ်းတွင် စတင်ဖွင့်လှစ်ပြီး အမ်ဘီဘီအက်စ်ဘွဲ့ကို ပေးအပ်ခဲ့ပါသည်။၁၉၃၀ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်လက်အောက်ခံ ဆေးကောလိပ်တစ်ခုဖြစ်လာပြီး ရန်ကုန် တက္ကသိုလ် ဒုတိယအဓိပတိက ဥက္ကဌအဖြစ်ဆောင်ရွက်၍ ဆေးရုံအုပ်ကြီးက ဒုတိယဥက္ကဌအဖြစ် တာဝန်ယူ ဆောင်ရွက်သည့် စီမံခန့်ခွဲရေးအဖွဲ့ လက်အောက်တွင်ရှိခဲ့ပါသည်။ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီးနောက် ၁၉၄၆ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်ကို ပြန်လည်ဖွဲ့စည်းရာတွင် ဆေးကောလိပ်ကို ရန်ကုန်တက္ကသိုလ်လက်အောက်ခံ ဆေးပညာမဟာဌာန( Faculty of Medicine )အဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။ ၁၉၆၃ခုနှစ်တွင်၊ မင်္ဂလာဒုံ၌ ရန်ကုန်တက္ကသိုလ်၏လက်အောက်ခံ ဆေးပညာမဟာဌာနအမှတ်(၂)ကို ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၆၄ခုနှစ်တွင် တက္ကသိုလ်ပညာရေးဥပဒေကိုပြဌာန်းခဲ့ပြီး ဆေးပညာမဟာဌာနအမှတ်(၂) ကို Institute of Medicine - 2 အဖြစ်ပြောင်းလဲခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် Institute of Medicine - 2 ကို ပညာရေးဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ကြီးဌာန သို့ လွှဲပြောင်းခဲ့သည်။ ၁၉၉၆ ခု၊ စက်တင်ဘာ ၂၅ တွင် IM2 Campus တည်နေရာကို မင်္ဂလာဒုံတပ်နယ်မြေမှ မြောက်ဥက္ကလာပမြို့နယ်သို့ ပြောင်းရွှေ့ခဲ့သည်။ ၂၀၀၅ ခုနှစ် ဇွန်လတစ်ရက်နေ့တွင် Institute မှ University အဆင့်သို့ အဆင့်မြှင့်တင်နိုင်ခဲ့သည်။

၂၀၂၁ ခုနှစ် တွင် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန ခေတ္တပြည်ထောင်စုဝန်ကြီးနှင့် တက္ကသိုလ် ကိုယ်စားလှယ်များ၏ သဘောတူညီချက်ဖြင့် ဆေးတက္ကသိုလ် - ၂ ကို ပညာရေးဝန်ကြီးဌာနသို့ ပြန်လည် လွှဲပြောင်းခဲ့သည်။ ၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆေးတက္ကသိုလ် ၂၊ ရန်ကုန်၊ ယာယီတက္ကသိုလ်ကောင်စီကို ဖွဲ့စည်းတည်ထောင်လျက် တော်လှန်‌ရေး ကာလ ပညာရေးဖြင့် ပညာသင်ယူခွင့် ဆုံးရှုံးနေသောသူများ၊ ပညာရေး ပြတ်တောက်နေသော သူများအတွက် စဉ်ဆက်မပြတ် ပညာဆက်လက် သင်ယူနိုင်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်။ ဆေးတက္ကသိုလ် - ၂ တက္ကသိုလ် အဆောက်အဦးများနှင့်ကျောင်းပရဝဏ်တည်နေရာ နှင့် သင်ကြားရေး ဆေးရုံများသည် အာဏာသိမ်းစစ်ကောင်စီ၏ထိန်းချုပ်နယ်မြေအတွင်း ရောက်ရှိနေပါသဖြင့် လက်ရှိတွင် ဆေးတက္ကသိုလ် - ၂ သည် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဌာန နှင့် ကျန်းမာရေးဝန်ကြီးဌာန ဆေးပညာသင်ကြားရေးဌာန (အမျိုးသားညီညွတ်ရေးအစိုးရ) တို့နှင့် ပူးပေါင်း၍ အွန်လိုင်းအခြေပြု သင်ကြားရေး လုပ်ငန်းများ၊ ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ ဆေးရုံများနှင့် ပေါင်းစပ်ညှိနှိုင်း၍ လက်တွေ့သင်ကြားအတန်းတင်ရေး လုပ်ငန်းများကို သင်ကြားရေးနှင့် စီမံအုပ်ချုပ် ကိုယ်ပိုင်ပြဌါန်းခွင့်အပြည့်ဖြင့် လည်ပတ်လျက်ရှိသည်။ 

Contact the University Council Office

  • Youtube
  • Facebook
  • Instagram

UM2IUC © 2024 All Rights Reserved | Interim University Council

  • Youtube
  • Facebook
  • Instagram
bottom of page